top of page

သင့်လုပ်ငန်းမှာရှိနိုင်တဲ့ Accounting Frauds ကို ဘယ်လိုဖြေရှင်းမလဲ.?

Updated: Jul 4, 2020



အရင်တစ်ပါတ်ကတော့ Accounting Frauds တွေဘယ်လိုဖြစ်နိုင်ကြောင်းကိုပြောပါခဲ့ပါတယ်။

Accounting Frauds တွေကို ဘယ်လိုဖြေရှင်းနိုင်မလဲကို ဒီအပတ်မှာပြောပြသွားမှာဖြစ်ပါတယ်


၁။ စစ်ဆေးခြင်း

Accountant တွေ၊ Controller တွေကို စစ်ဆေးဖို့ Auditing လုပ်ငန်းစဥ် ရှိပါတယ်။

Auditing လုပ်ငန်းစဥ်ကတော့ Accounting လုပ်ငန်းစဥ်တွေ မှန်ကန်မှုရှိမရှိ စစ်ဆေးတဲ့လုပ်ငန်းစဥ် မျိုးဖြစ်ပါတယ်။ Auditing လုပ်ခြင်းအားဖြင့် မမှန်ကန်တဲ့ Accounting Frauds တွေသာမက အမှားတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။


၂။ Control သတ်မှတ်ခြင်း

Accounting Frauds တွေက Control နည်းပါးတဲ့အချိန်မှာ ပိုအဖြစ်များပါတယ်။ Cashier တစ်ေယာက်

ငွေလက်ခံမှုကို စစ်ဆေးမယ့် CCTVတွေမရှိတဲ့အချိန်မှာ ထို cashier ငွေအလွဲသုံးစားလုပ်နေနိုင်ပါတယ်။

ဒီဥပမာမှာ CCTV က Control ဖြစ်ပါတယ်။



၃။ အလုပ်တာဝန် ခွဲထားခြင်း

Frauds တွေဘယ်သူတွေ ပိုကျူးလွန်နိုင်လဲဆိုရင် အလုပ်တာဝန်တွေစုပြုံပြီးပေးအပ်ထားခြင်းခံရတဲ့သူတွေက ပိုကျူးလွန်နိုင်ပါတယ်။ Contoller တစ်ဦးက ငွေဝင်ငွေထွက်တွေကိုင်ရတယ်၊ စာရင်းလည်းမှတ်ရတယ် ဆိုရင် Controller မှာလုပ်ပိုင်ခွင့်တွေအများကြီးရှိနေပြီး ငွေအဝင်ကို စာရင်းမသွင်းဘဲ ယူသုံးထားမယ်ဆိုရင် ဘယ် လိုမှ လွယ်လွယ်ကူကူ မသိနိုင်တော့ပါဘူး။ ဒါကြောင့် အောင်မြင်တဲ့လုပ်ငန်းတွေမှာ လုပ်ငန်းတာဝန်တွေကို ခွဲပေးထားတာပါ။


အထက်မှာပြောပြခဲ့တဲ့ အချက်၃ချက်ကို လုပ်ဆောင်နိုင်ရင် MX စာဖတ်ပရိတ်သတ်တွေရဲ့ လုပ်ငန်းတွေမှာ Accounting Frauds တွေဖြစ်နိုင်ချေနည်းပါးသွားပါပြီ။


အခုဆိုရင် အချက် ၁ နဲ့ ၂ နဲ့ကတော့ ငွေကုန်ကြေးကျရှိမယ်ဆိုပေမယ့် နှစ်စဥ် ကုန်ကျစရိတ်ဖြစ်လို့ကြောင့်ရယ်၊ မလုပ်မဖြစ်လုပ်သင့်တဲ့ ကိစ္စဖြစ်တာမို့ သိပ်အခက်အခဲမရှိနိုင်ဘူးဆိုပင်မယ့် အချက် ၃ မှာပြောထားတဲ့ အလုပ်တာဝန်ခွဲဝေဖို့ အခက်ခဲရှိနိုင်တယ်လို့ မိတ်ဆွေတို့လည်း တွေးနေလောက်ပြီထင်ပါတယ်။


( အလုပ်တာဝန်ခွဲဝေတဲ့ အခါ ဝန်ထမ်းအသစ်တွေ ခေါ်ရမယ်။ ခေါ်လို့ရောက်လာတဲ့ ဝန်ထမ်းအသစ်တွေက လုပ်ငန်းကျွမ်းကျင်မှရမယ့် အပြင် ယုံကြည်ရမယ့်သူဖြစ်မှရမယ်။ ဝန်ထမ်းလခတွေကလည်း လစဥ်ပေးရမယ်။ ဝန်ထမ်းခေါ်ရင်ရော လျှောက်ကြပါ့မလား စတဲ့ အတွေးတွေနဲ့ ရှုပ်နေရပြီထင်ပါတယ်။ )

MX ကနေ Accounting Frauds တွေဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းနောက်တစ်ခုကို ပြောပြပါဦးမယ်။


Accounting လုပ်ငန်းစဉ်တွေကို အပြင်လုပ်ငန်းကို အပ်လိုက်ပါ။

ဒီလိုမျိုး Virtual

Accounting လုပ်ငန်းတွေကို Professional ဆန်ဆန်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အပ်လိုက်တာကို Outsourcing လုပ်တယ်လို့ ခေါ်ပါတယ်။

Outsourcing လုပ်လိုက်ရင်

-ဝန်ထမ်း ၅ယောက်လောက်လုပ်ကိုင်ရမယ့် အလုပ်ကို ၅ယောက်စာ လခပေးရမယ့် အစား တစ်ယောက်စာလောက်ပဲ ပေးရတော့မယ်။

-Accounting အလုပ်တွေကို ထပ်ခါထပ်ခါလုပ်နေပြီး အတွေ့အကြုံများတဲ့ professionalတွေပဲ လုပ်ကိုင်နေတဲ့အတွက် အမှားတွေမရှိနိုင်တော့ဘူး။

-လုပ်ငန်းနဲ့ တိုက်ရိုက် ဆက်နွယ်တဲ့သူ(ငွေကိုင်တဲ့သူ) မဟုတ်တော့တဲ့အတွက် အလွဲသုံးစားလုပ်နိုင်တဲ့ အခွင့်အရေးတွေမရှိနိုင်တော့ပါဘူး။


နိဂုန်းချုပ်ပြောရရင် Accounting Frauds တွေကို သမာရိုးကျ ဖြေရှင်းနိုင်မယ့်နည်းလမ်းမှာ ၁။ စစ်ဆေးခြင်း

၂။ Control သတ်မှတ်ခြင်း ၃။ အလုပ်တာဝန် ခွဲထားခြင်း ဆိုတဲ့ အချက် ၃ ချက်ပါဝင်ပြီး အချို့သော အခြေအနေတွေမှာ လုပ်ငန်းပိုင်ရှင်တွေက ဒီသမာရိုးကျနည်းလမ်းကို စနစ်တကျ ကျင့်သုံးဖို့က resource အခက်အခဲတွေရှိနေနိုင်ပါတယ်။ ဒီအတွက်ကြောင့် ဆန်းသစ်ပြီး resource အသင့်အတင့်နဲ့ ဖြစ်နိုင်တဲ့ Outsourcing နည်းလမ်းတွေကိုလည်း လုပ်ငန်းအတော်အများ အသုံးပြုလာပြီဖြစ်ပါတယ်။


သင့်လုပ်ငန်းမှာ Outsourcing ကိုဘယ်လိုလုပ်နိုင်မလဲကို အကြုံပြု၊ဆွေးနွေးလိုပါက အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။


01 8245660

09 445533288~9


----------------------------------------------------------------------


 
 
 

Comentarios


09-407470005

MatrixSolutionsBusinessAdvisoryGroup

No-275, 6th Floor, Red Hill Tower, Pyay Rd, Sanchaung Township Yangon, Myanmar, 11081

bottom of page