အခုလို COVID-19 ကာလမှာ Social Distancing Prevention ကြောင့် လုပ်ငန်းတော်တော်များမှာ ဝင်ငွေကျပြီး စီးပွားရေး အနည်းနဲ့အများထိခိုက်ပါတယ်။
Matrix အနေနဲ့ ဒီအပတ်မှာတော့ မသေချာဘဲ စီးပွားရေးကျဆင်းတဲ့ အခုအချိန်ကာလမျိုးမှာ သင်တို့ကိုယ်ပိုင်လုပ်ငန်းကို အတတ်နိုင်ဆုံး အထိမနာအောင် စီမံနိုင်မယ့် နည်းလမ်း၅ချက်ကို မျှဝေလိုက်ရပါတယ်။
1.Know Your Numbers
2.Pay attention to cash flow
3.Make a list of all mandatory v. nice-to-have expenses
4.Invest in Marketing
5.Apply for Government Funding
1. Know your numbers
လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းတွေ သိထားပါ။
အကြောက်တရားနဲ့ မသေချာမှုတွေ ကြုံတွေ့ရတဲ့ အချိန်တွေမှာ လုပ်ငန်းရဲ့ ကိန်းဂဏန်းအချက်အလက် တွေကို သိထားဖို့ပိုလိုပါတယ်။
အနည်းဆုံးတော့ ငွေကြေးအချက်အလက် စုစည်းထားတဲ့ အောက်ပါ အဓိက စာရင်း၃ခု ကို သိထားသင့်ပါတယ်။
၁။ Balance Sheet လို့ခေါ်တဲ့ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု၊ အကြွေး၊ အရင်းတွေပါတဲ့ စာရင်း၊
၂။ Profit & Loss Statement. လို့ခေါ်တဲ့ အချိန်ကာလတစ်ခုရဲ့ ရောင်းအား၊ ကုန်ကျစရိတ်၊ အမြတ်ငွေ တွေကိုဖော်ပြတဲ့ စာရင်း၊
၃။ Cash Flow Statement လို့ခေါ်တဲ့ အမှန်တကယ် ဝင်ငွေ၊ထွက်ငွေပြ စာရင်း
ဘဏ္ဍာရေးစာရင်းများရဲ့ ချိတ်ဆက်မှု တွေ နှင့် financial ratio တွေအကြောင်းကိုသိရှိချင်တယ်ဆိုရင် တော့အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
* Register for our upcoming free webinar: Financial Ration Analysis
Pay attention to cash flow
ဝင်ငွေထွက်ငွေတွေကို အာရုံစိုက်ရပါမယ်။
လုပ်ငန်းလုပ်ကိုင်တဲ့ မိတ်ဆွေတွေ သိထားတဲ့အတိုင်း လုပ်ငန်းတွေမှာ အမြတ်ငွေထက် ငွေဝင်ငွေထွက်က ပိုအရေးကြီးပါတယ်။ ငွေမကျန်တော့ရင် လုပ်ငန်းမလည်ပတ်နိုင်ဘဲရပ်တန့်သွားပါလိမ့်မယ်။
ဒါကြောင့် လုပ်ငန်းမှာ ငွေဘယ်လောက်ကျန်လဲ ဘယ်သူတွေကိုပေးဖို့ ကျန်လဲဆိုတာ စစ်ဆေးသင့်ပါတယ်။
ဒါ့အပြင် လိုအပ်ချိန်မှာ ငွေမပေါ်လာတာမျိုးမဖြစ်ရအောင် အောက်ပါအချက်တွေ လုပ်ဆောင်နိုင်ပါတယ်။
(က)ဝင်ငွေရလမ်းတွေကို အသိအသာမြင်နိုင်အောင် ဖော်ထုတ်ပါ။ ပြီးတော့ ဘယ်လိုပြောင်းလဲနိုင်လဲ ဆိုတာကို မှန်းဆထားပါ။
(ခ)ပေးရမှာသေချာတဲ့ ကုန်ကျစရိတ်တွေ၊ အကြွေးတွေသာမက ပေးရနိုင်ချေရှိတယ့် စရိတ်တွေကို သိအောင်လုပ်ထားပါ။
ဥပမာ ဝန်ထမ်းလခ၊ ရုံးခန်းငှားခ၊ ကုန်ကြွေး စတာတွေ ဖြစ်ပါတယ်။
(ဂ) ငွေဝင်ငွေထွက် ခန့်မှန်းချေစာရင်းကို အခြေအနေ ၃ ခု အတွက် ဆွဲထားပါ။ အကောင်းဆုံးအခြေအနေ ( the best case)၊ ဖြစ်လာနိုင်တဲ့အခြေအနေ(expected or trend from reality) ၊ အဆိုးဆုံးအခြေအနေ (the worst case)တွေပဲဖြစ်ပါတယ်။
ပြီးတော့ အဲ့ဒီအခြေအနေတစ်ခုစီတိုင်းအတွက် ဖြစ်လာရင် ဘယ်အရာတွေကို လျှော့ချရမလဲကို ကြိုတွေးထားပါ။ မဖြစ်ခင် ကြိုတွေးထားမှသာ ဖြစ်လာတဲ့အချိန်မှာ ခေါင်းပူမမိ ခံစားချက်ကိုထိန်းချုပ်နိုင်ပြီး (emotional မလွှမ်းမိုးဘဲ) ဓမ္မဒိဌာန်ကျကျ Logical ဖြစ်ဖြစ် ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။
Make a list of all mandatory vs nice-to-have expenses
မကုန်မဖြစ် ကုန်ရမယ့်စရိတ်နဲ့ မကုန်လည်းရမယ့်စရိတ် တွေကို စာရင်းပြုစုပါ။
မကုန်လည်းရမယ့် စရိတ် (Nice-to-have expenses) တွေဆိုတာက လုပ်ငန်းအသက်ဆက်ဖို့ အတွက်ဆို လျှော့ချရမယ့် စရိတ်တွေကို ဆိုလိုပါတယ်။ သူတို့တွေက လုပ်ငန်းပုံမှန်လည်ပတ်တဲ့အချိန် သက်တောင့်သက်သာကနေ အကျပ်တည်းဖြစ်ချိန် ရောက်သွားရင် မကုန်မဖြစ် (Mandatory) စရိတ်တွေနဲ့ ခွဲခြားသိနိုင်ဖို့က မလွယ်ကူပါဘူး။ Nice to have expenses တွေက လုပ်ငန်းလည်ပတ်တဲ့ Process ကို မရပ်တန့်သွားစေပါဘူး။ လျှော့ချလိုက်ရင် အများဆုံးတော့ အလုပ်လုပ်ရတာ ခက်ခဲသွားမယ်။
ဥပမာ အလုပ်မှာသုံးတဲ့ကားက ချို့ရွင်းနေပြီ၊ သုံးလို့တော့ရနိုင်သေးတယ်။ ကားအသစ်လဲတာလောက်တော့ မချောမွတ်ဘူး။ ဒီလိုအချိန်မျိုးဆို Nice to have expenses ဖြစ်တဲ့ ကားလဲတာမျိူးကို ရှောင်ကျဥ်သင့်ပါတယ်။
Mandatory Expenses တွေကို မှားမလျှော့ချဖို့လည်း အရေးကြီးပါတယ်။
ဥပမာ ကုန်ကြွေးရှင်တွေရှိမယ် Supplier တွေကိုပေးရမယ့် ပမာဏတွေရှိမယ်။
ဒါကကိုယ်တစ်ယောက်တည်း ဆုံးဖြတ်ပြီး လျှော့လို့မရပါဘူး။ လျှော့လိုက်ရင် လုပ်ငန်းနစ်နာမယ်၊ အဆိုးဆုံး ယုံကြည်မှု ပြတ်ပြားပြီး ရှေ့ဆက်လို့မရနိုင်တာမျိုးထိဖြစ်နိုင်ပါတယ်။
ဒါကြောင့် supplier တွေသာမက ကိုယ့်လုပ်ငန်းက ရစရာရှိတဲ့ အကြွေး receivables ၊ customer ၊ partner တွေကို ကိုယ့်ဖက်ကကြိုတင် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းသင့်ပါတယ်။
သတိထားရမှာက အကုန်လုံး စီးပွားရေးကျနေနိုင်တယ့် အချက်ပဲဖြစ်ပါတယ်။
Invest in Marketing
Marketing မှာ မြှုပ်နှံပါ။
ငွေကြေးလည်ပတ်ဖို့ခက်ခဲတဲ့ အချိန်မှာ Marketing အတွက် ပိုလုပ်ရမယ်ဆိုတာ စစချင်းကြားရရင် မအပ်စပ်သလို ခံစားရမှာပါ။ ငွေဝင်ဖို့ အကောင်းဆုံးနည်းလမ်းက ထုတ်ကုန်ရောင်းချခြင်းပဲ ဖြစ်ပါတယ်။ ဒီအတွက် ဒါလုပ်ရင် ဒီလောက် result ရတဲ့ အရင်တုန်းက သက်သေပြထားတဲ့ အောင်မြင်တဲ့ Marketing Effort ကို ပိုအားစိုက်ထုတ်ပြီး လုပ်သင့်ပါတယ်။
Marketing က ကျယ်ပြန့်ပြီး လုပ်ငန်းတိုင်းမှာကိုယ်ပိုင် မတူညီတဲ့ effort တွေရှိပါတယ်။ Advertising လား Relationship Building လား စတာတွေပဲဖြစ်ပါတယ်။
ပိုကုန်ကျမယ့် စမ်းသပ်မှုမျိုးကိုတော့ တန်ရဲ့လား လိုချင်တဲ့ အကျိုးသက်ရောက်မှုရှိရဲ့လား ဆိုပြီး ဆင်ခြင်သင့်ပါတယ်။
Apply for Government Funding
အတိုးနှုန်းသက်သာတဲ့ ချေးငွေ လျှောက်ပါ။
အခု မြန်မာနိုင်ငံအစိုးရကနေ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေရှိပါတယ်။ 2019-2020 Budget ရဲ့ ၁၀ ရာခိုင်နှုန်းကို COVID crisis အတွက်ပန့်ပိုးပေးမယ်လို့ ကြားသိရပါတယ်။
အောက်ပါ Link မှာချေးငွေ Billon ၁၀၀ ကျပ်အကြောင်းဆွေးနွေးထားတာပဲဖြစ်ပါတယ်။
မိတ်ဆွေတို့လည်း လက်ရှိမိမိတို့လုပ်ငန်းမှာကျင့်သုံးနေတဲ့ နည်းလမ်းကောင်းတွေ၊ ထင်မြင်ချက်တွေကိုလည်း အောက်commentမှာ မှတ်ချက် ပေးသွားပါဦး။
နောက်အပါတ်တွေမှာလည်း မိတ်ဆွေနှင့်မိတ်ဆွေတို့လုပ်ငန်းအတွက် အကျိုးရှိမည့် နည်းလမ်းကောင်း အကြံဥာဏ်ကောင်းများ ဆက်လက်မျှဝေမှာမလို့ Page ကို Like and Follow လုပ်ထားဖို့ ထပ်မံ အကြံပေးလိုက်ရပါတယ်။
အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို အသုံးပြုပြီး မိမိတို့လုပ်ငန်းတွေကို ကောင်းတဲ့ဖက်ကို ဦးဆောင်နိုင်ဖို့ Matrix Solutions Business Advisory Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Reference : Bean Ninja
Comments