အရေးကြီးသိထားသင့်သော အချက်များအား စုစည်းတင်ပြလိုက်ရပါတယ်
1. COVID 19 Fund သို့ ကျပ် ဘီလီယံ၁၀၀ ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်းကို ၂၀၂၀၊ ဇူလိုင်လ ၃ရက်နေ့တွင် MOPFI မှထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
2. လျှောက်လွှာများကို ၂၀၂၀၊ ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်လက်ခံနေပြီး ဩဂုတ်လ ၁၀ရက်နေ့အထိ နေ့စဥ် ၉:၃၀ နာရီမှ ၁၆:၃၀ နာရီအထိ အောက်ပါနေရာများ၌ လက်ခံသွားမည်ဖြစ်ပါသည်။
(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်။
(ခ)တိုင်းဒေသကြီးနှင့ ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းရုံးများ။
3. အကျုံးဝင်သည့်လုပ်ငန်းများမှာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း လုပ်ငန်း
ပြည်ပပို့ကုန်ထုတ်လုပ်သည့်လုပ်ငန်း
သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ
ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက်ပါဝင် ဆောင်ရွက်သည့် လုပ်ငန်းများ
စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့်
အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ တို့ပဲဖြစ်ပါတယ်။
4. Interest Rate 1%
5. Tenor 1 year
လျှောက်လွှာ Form များရယူရန် Link - https://cutt.ly/COVID_Loan_Forms
ချေးငွေလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည့် အချက်များရှိပါက အောက်ဖော်ပြပါ ရုံး၊ဌာနနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
- 01 2314343
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန။ 01 658121~31
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန။ 09 5153946
Comments