top of page

In house နဲ့ Outsourced Accounting ဘယ်လိုရွေးချယ်မလဲ

Writer: Myat Noe KhantMyat Noe Khant

Updated: Aug 4, 2020

In house vs. Outsourced Accounting


Accounting ဆိုတာ လုပ်ငန်းကို ငွေကြေးရှုထောင့်ကနေစီမံနိုင်ဖို့ အချက်အလက်တွေ ပေးတဲ့ လုပ်ငန်းရဲ့အရေးကြီးလုပ်ငန်းစဥ်ဖြစ်ပါတယ်။ လုပ်ငန်းတွေဟာ တိုးတက်ကြီးထွားလာတာနဲ့ အမျှ လုပ်ငန်းရဲ့ ငွေကြေးကိုသေချာစီမံခန့်ခွဲဖို့ လိုအပ်ချက်က ပိုကြီးမားလာပါတယ်။ Accounting နည်းစနစ်ကျွမ်းကျွမ်းကျင်ကျင်သိဖို့က အချိန်များစွာလိုတာရယ်၊ လုပ်ငန်းကို စီမံခန့်ခွဲတဲ့အခါ Marketing, Operation, Product Development အစရှိတာတွေကို အချိန်မျှတစွာပေးရတဲ့ အတွက် လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းတိုးတက်လာတဲ့အခါ ငွေကြေးစီမံဖို့ In house Accounting ဝန်ထမ်းပဲ ခန့်ထားရမလား၊ Outsourcing (Accounting အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်ပေးတဲ့ service ပေးတာကို) အသုံးပြုရမလားကို ခက်ခက်ခဲခဲ စဉ်းစားရပါတယ်။

ဒီpost မှာတော့ Matrix ရဲ့ လုပ်ငန်းရှင် စာဖတ်ပရိတ်သတ်တွေ In house လုပ်သင့်လား Outsource လုပ်သင့်လားကို လွယ်လွယ်ကူကူနဲ့ စဉ်းစားနိုင်ဖို့အတွက် အချက်အလက်တွေ စုံစုံလင်လင်နဲ့ တင်ပြလိုက်ရပါတယ်။


ပထမဦးဆုံးအနေနဲ့ In house နဲ့ Outsource ကို အရိုးရှင်းဆုံနှိုင်းယှဉ်ရမယ်ဆိုရင်

In house ဆိုတာ ကိုယ်လုပ်ငန်းအလုပ်တွေလုပ်တဲ့ ကိုယ့်ဝန်ထမ်းပါ။

Outsourcing ဆိုတာကတော့ ကျွမ်းကျင်ပညာရှင် ဒါမှမဟုတ် လုပ်ငန်းတစ်ခုကို အလုပ်လုပ်ပေးဖို့

အခကြေးငွေတစ်ခုနဲ့ အလုပ်အပ်တဲ့သဘောမျိုးပါ။


ဒါဆိုရင် In-house နဲ့ outsourced accounting ကို နှိုင်းယှဉ်တာကို စလိုက်ရအောင်…

၁။ ကုန်ကျစရိတ်


အားလုံးသိကြတဲ့ အတိုင်းပါပဲ စီးပွားရေးနဲ့ သက်ဆိုင်လာပြီဆိုရင် ကုန်ကျစရိတ်က သာမန်အချိန်တွေထက်စာရင် ပိုအရေးကြီးပါတယ်။ ဝန်ထမ်းခန့်ထားတာဟာ ကုန်ကျစရိတ်ကြီးမားပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းလိုအပ်ချက်ကိုသာမက ဝန်ထမ်းခန့်ထားရမယ့်အချိန်ကာလ(၁နှစ်တန်သည်ဖြစ်စေ၊ ၂နှစ်တန်သည်ဖြစ်စေ) အတွက်ပါ ကုန်ကျစရိတ် ကုန်ခံနိုင်ဖို့လိုပါတယ်။


Full-time employee တစ်ယောက်ကိုခန့်ထားမယ်ဆိုရင်တော့ လခစရိတ်တစ်ခုထဲထက် ဝန်ထမ်းရဲ့ sick leaves၊ လစာတိုးမှုတွေကို ပါ စဉ်းစားရဦးမှာဖြစ်ပါတယ်။ Accounting လုပ်ငန်းစဥ်အတွက်ဆိုရင် full-time employee တစ်ယောက်ထက်မကလိုပါသေးတယ်။


အလုပ်ပြီးဖို့ မပြီးဖို့ကို ထိန်းသိမ်းဖို့ လူအင်အား အချိန်အင်အားတွေလည်းလိုပါသေးတယ်။

လုပ်ငန်းလုပ်ကိုင်နေတဲ့သူအတွက်ဆိုရင် အချိန်က ငွေကြေးဖြစ်ပြီး လူအင်အားကတော့ ငွေကြေးထက်တန်ဖိုးကြီးမားပါတယ်။


Outsourcing ဆိုရင်တော့ service ပေါ်မှာမူတည်ပြီး ကုန်ကျစရိတ်က တစ်သတ်မှတ်တည်း ဖြစ်သွားတဲ့အတွက်

Accounting team တစ်ခုကိုခေါ်ခန့်တာထက်စာရင်တော့ ကုန်ကျစရိတ်ဟာ ပိုမိုသက်သာပါတယ်။


၂။ အလုပ် Quality ပြည့်မှီမှု


In house Accounting team ဆိုရင်တော့ လုပ်ငန်းပိုင်ရှင်လိုချင်တဲ့အချိန်မရွေး၊ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတစ်ချို့အတွက် ချက်ချင်းလုပ်ခိုင်းနိုင်တဲ့ ကောင်းတဲ့အချက်တစ်ခုတော့ရှိပါတယ်။ ဒါပေမယ့် resources တွေဟာ မကောင်းဘူး၊ မလုပ်ကိုင်တတ်ဘူးဆိုရင် အထက်ကပြောတဲ့ ချက်ချင်းတော့ရမယ် Quality ကောင်းမှာ မဟုတ်ပါဘူး။


ကိုယ့်လုပ်ငန်းနဲ့ သင့်တော်မယ့်သူ (လုပ်ငန်းလိုအပ်ချက်ကို အကောင်းဆုံး လုပ်နိုင်ပေးမယ့်သူ) ကို ရနိုင်ဖို့၊ လေ့ကျင့်ပေးဖို့ဆိုတာကလည်း အချိန်အများကြီးလိုပါသေးတယ်။


Outsourcing လုပ်မယ်ဆိုရင်တော့ ကျွမ်းကျင်ပညာရှင် Accountant team တစ်ခုလုံးရဲ့ အကြံဥာဏ်၊ အတွေ့အကြုံ၊ လုပ်ကိုင်နိုင်စွမ်းတွေကို ကိုယ့်လုပ်ငန်းအတွက် အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

ဒီမှာ လူတိုင်းသိကြတဲ့ concept (အတွေးအခေါ်တစ်ခု) ကို မှီငြမ်းပြောချင်ပါတယ်။ Specialization သို့ Division of labor ဆိုတာကတော့ 1776 ခုနှစ်က Adam Smith ရေးသားခဲ့တဲ့ စာအုပ်မှာစတင်ပါလာပါတယ်။

Industrialization (စက်မှုတော်လှန်ရေး)မှာ Quality, Productivity တို့ကိုလည်း များစွာမြှင့်တင်ခဲ့ပါတယ်။

အခု Outsourcing နဲ့ ဘယ်လို သက်ဆိုင်မလဲ။


ဥပမာ Mala Xiang Guo ရောင်းတဲ့ လုပ်ငန်းတစ်ခုဆိုရင် သူတို့အဓိကထုတ်ကုန်က Mala Xiang Guo ပါ။ သူတို့ ထုတ်ကုန် စားမကောင်းရင် သူတို့ လုပ်ငန်းမရှိနိုင်တော့တဲ့အတွက် စားကောင်းအောင်လုပ်ရပါတယ်။


Accounting outsourcing service လုပ်ငန်းတစ်ခုဆိုရင် သူတို့ အဓိကထုတ်ကုန်ကတော့ Accounting လုပ်ငန်းဆောင်တာတွေဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူတို့တွေက Accounting ကိုပဲ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင် လုပ်နေရတဲ့အတွက် အလုပ် Quality ပြည့်မှီမှုဟာ စိတ်ချရပါပြီး

ထွက်လာမယ့် အလုပ်ရလဒ်က High Quality ဖြစ်နေမှာပါ။



၃။ တစ်စိုက်မတ်မတ် efficiency ရှိမှု


In-house accounting team သို့မဟုတ် accountant တွေကအရည်အချင်းပြည့်မှီပြီးလုပ်ငန်းနဲ့ သင့်တော်ရင် လုပ်ငန်းအတွက် အတော်ကောင်းပါတယ်။


အလုပ်တွေအချိန်မှန်ပြီးသလား၊ အချိန်မှန်ပြီးတယ် မှန်ကန်တယ်ဆို ဒါဟာ efficient ဖြစ်ပါတယ်။ မှားတယ်ဆိုရင် ပြန်လည်လုပ်ကိုင်နေရာမှာမလို့ efficient မဖြစ်ပါဘူး။ တကယ်လို့ အမှားတွေလုပ်လို့ လုပ်မိမှန်းမသိရင် ခံစားရမှာက လုပ်ငန်းတွေဖြစ်ပါတယ်။ အမှားတွေက လူတိုင်းလုပ်မိတတ်လို့ ပြန်စစ်ဆေးပေးဖို့ တတ်သိနားလည်သူတစ်ယောက်ကပြန်လိုပါသေးတယ်။


Accounting သဘောက လုပ်ငန်းတွေကွဲပြောင်းသွားလည်း အခြေခံအုတ်မြစ်တွေတူတာရယ်၊ လုပ်ငန်းများစွာကို တစ်ပြိုင်နက် ပြီးမြောက်အောင်လုပ်ကိုင်တဲ့ အတွက် Outsourcing လုပ်တဲ့ company အများစုဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ မှန်မှန်ကန်ကန် အလုပ်ပြီးမြောက်အောင်လုပ်ဆောင်နိုင်ကြပါတယ်။

ဒါအပြင့် လုပ်ကိုင်သူသာမက ပြန်လည်စီစစ်ကြပ်မတ်ပေးမယ့်အဖွဲ့လိုက်ရှိတဲ့အတွက်ကြောင့် အမှားလုပ်ကိုင်မယ့် chance နည်းပြီး အမှားလုပ်မိရင်တောင် လျင်လျင်မြန်မြန် ပြန်လည်ပြင်ဆင်နိုင်ပါတယ်။


၄။ အလုပ်လိုအပ်ချက်ကြောင့် ဖြည်းဆည်းရမယ့် အလုပ်ချိန်


သာမန်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ချိန်က တစ်ရက် ၈နာရီဖြစ်ပါတယ်။ တစ်ပတ်မှာ နာရီ ၄၀ ပြည့်ရင်တောင် အလုပ်တွေကို ပြီးမြောက်အောင်လုပ်ပေးနိုင်တဲ့ ဝန်ထမ်းကောင်းတွေလိုအပ်ပါတယ်။


Outsourcing company အများစုမှာတော့ professionals တွေဟာ တစ်ပတ်ကို နာရီ ၄၀ ကျော် အလုပ်လုပ်ကြပြီး အလုပ်ကိုသတ်မှတ်အချိန်အတွင်း ပြီးရုံတင်မကဘဲ လုပ်ငန်းလိုအပ်ချက်အရ ပေါ်လာမယ့် အရေးပေါ်အလုပ်များကို ပါ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

Outsourcing မလုပ်သင့်သော အခြေအနေ


၁။ လုပ်ငန်းရှင်ကိုယ်တိုင် စာရင်းတွေနဲ့အတူ အခြား အရေးကြီးတဲ့ Marketing, Customer Service စတာတွေကိုပါ မလစ်ဟင်းဘဲနဲ့ နိုင်နိုင်နင်းနင်းလုပ်နေနိုင်သေးတဲ့ အခြေအနေ

၂။ လုပ်ငန်းမှာ အရည်အချင်းပြည့်မှီပြီး အမှားနည်းနည်း အလုပ်ကို အချိန်မှီပြီးအောင်လုပ်ပေးနိုင်တဲ့ Accounting ဝန်ထမ်းရှိပြီး လုပ်ငန်းလိုအပ်ချက်ကလည်း ဝန်ထမ်းကောင်းတစ်ယောက်ဆိုရင် လုံလောက်တဲ့ အခြေအနေ

၃။ Outsourcing လုပ်တာက ဝန်ထမ်း ခန့်ထားတဲ့ စရိတ်၊ လစဉ်လုပ်ခလစာ၊ လုပ်ငန်းနဲ့ သင့်တော်ဖို့ ပြုစုပြိုးထောင်ပေးရတဲ့ အချိန်၊ အလုပ်အချိန်မှီမပြီးနိုင်ခြေ၊နဲ့ အလုပ်quality ကျဆင်းမှု၊ တစ်သတ်မှတ်တည်းမဖြစ်မှုအတွက် ပေးဆပ်လိုက်ရတဲ့ စရိတ် တွေထက်သက်သာမယ့်အခြေအနေ


Outsourcing လုပ်သင့်သော အခြေအနေ


၁။ လုပ်ငန်းရှင်ကိုယ်တိုင်မှာ လုပ်ငန်းလည်ပတ်ရေးအတွက် အခြားအရေးကြီး လုပ်စရာအလုပ်တွေနဲ့ လုံးပန်းနေတဲ့ အခြေအနေ

၂။ လုပ်ငန်းက တိုးတက်လာပြီး လက်ရှိလုပ်ကိုင်နေတဲ့ သူနဲ့ လုပ်ကိုင်ဖို့ မနိုင်တော့ဘဲ တာဝန်ကြီးမားလာတဲ့အခြေအနေ

၃။ ကျွမ်းကျင်ဝန်ထမ်းအသစ်ခေါ်ယူဖို့ အချိန်၊ငွေအင်အား မလုံလောက်ဘဲ ကိုယ့်မှာရှိတဲ့Budget ထက်များနေတဲ့ အခြေအနေ

၄။ ကျွမ်းကျင်ဝန်ထမ်း team တစ်ခု အသစ်ဖွဲ့တာထက် Outsourcing လုပ်တာက အချိန်ရော ကုန်ကျစရိတ်ပါ ပိုသက်သာမယ့် အခြေအနေ


အခုလို အထက်မှာဖော်ပြခဲ့တဲ့ Outsourcing လုပ်တဲ့အခါ ရလာမယ့်အကျိုးရလဒ်က ဝန်ထမ်းခန့်ထားတာထက် ရလာမယ့်အကျိုးရလဒ်ထက် များမယ်ဆိုရင် Outsourcing လုပ်သင့်ပါတယ်။

အချုပ်ပြန်ပြောရမယ်ဆိုရင်

၁။ ကုန်ကျစရိတ်

၂။ အလုပ် Quality ပြည့်မှီမှု

၃။တစိုက်မတ်မတ် efficiency ရှိမှု

၄။ အလုပ်လိုအပ်ချက်ကြောင့် ဖြည်းဆည်းရမယ့် အလုပ်ချိန် စတဲ့ အခြေခံကျတဲ့အချက်တွေနဲ့ နှိုင်းယှဥ်စဥ်းစားနိုင်ပါတယ်။


Outsourcing service ပေးတဲ့ လုပ်ငန်းတွေကို ရှာဖွေနေတယ် နှိုင်းယှဥ်ချင်တယ်ဆိုရင် အထက်ကဖော်ပြတဲ့ အချက် ၄ချက်သာမက Value-added services တွေကိုယှဥ်ပြီး စဥ်းစားသင့်ပါတယ်။


Matrix Solutions Business Advisory (MX) မှာတော့ Accouting လုပ်ငန်းစဥ်တွေကို ကျွမ်းကျင်ဝန်ထမ်းတစ်ယောက် ကိုခန့်ထားတဲ့ စျေးနှုန်း နဲ့ တာဝန်ယူ လုပ်ဆောင်ပေးနေပါတယ်။ (Accounting လုပ်ငန်းစဥ်တွေက Accountant ၂ယောက်သုံးယောက် ခန့်ထားဖို့လိုတဲ့ လုပ်ငန်းတွေအတွက်ဆိုရင် MXက services တွေကပိုမို သက်သာပါတယ်။) Accounting စာရင်းအချက်အလက် တွေကိုပြင်ပေးရုံမက အဲ့ဒီ အချက်အလက်တွေကိုပါ လုပ်ငန်းကို ပိုမို လွယ်လွယ်ကူကူထိန်းချုပ်နိုင်ဖို့ အရေးကြီးတဲ့ သုံးသပ်ချက်တွေပါ လုပ်ပေးနေတာဖြစ်ပါတယ်။


M X ရဲ့ စာဖတ်ပရိတ်သတ်လုပ်ငန်းရှင်တွေမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဆွေးနွေးနိုင်ဖို့ MX ကို ဒီLinkမှာ စာရင်းပေးလို့ရသလို ဖုန်း +959445533288 နဲ့လဲဆက်သွယ်နိုင်ပါတယ်။





 
 
 

Comments


09-407470005

MatrixSolutionsBusinessAdvisoryGroup

Room(3-E),Bld No(182~194),Botahtaung Road(Between Anawrahtar Rd & Mahar Bandoola Rd),Pazuntaung Tsp., Yangon.

bottom of page