top of page

Creating Successful Business Without "YOU"

တော်တော်များများထင်ကြတာက လုပ်ငန်းတစ်ခုအောင်မြင်တာက လုပ်ငန်းကိုဦးဆောင်တဲ့သူကောင်းလို့ လုပ်ငန်းကို ဦးဆောင်တဲ့သူတော်လို့လို့ထင်ကြတယ်..တကယ်လည်းမှန်ပါတယ်.. လုပ်ငန်းတစ်ခုအောင်မြင်တယ်ဆိုတဲ့နောက်ကွယ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိတာလည်းပါပါတယ်.. ဒါပေမယ့် ဒီ့ထက်ပိုပြီး နက်နက်နဲနဲလေးတွေးကြည့်ကြရအောင် ခေါင်းဆောင်ကောင်းတစ်ယောက်ရှိလို့ လုပ်ငန်းအောင်မြင်နေပြီပဲထားပါတော့.. ဒီခေါင်းဆောင်ကောင်းမရှိတော့တဲ့အချိန်မှာ လုပ်ငန်းကဘယ်လိုတွေဆက်သွားကြမလဲဆိုတဲ့အထိ နက်နက်နဲနဲစဉ်းစားဖို့လိုအပ်ပါတယ်..တကယ်တော့ လုပ်ငန်းတိုင်းက ငါတို့မှာဒီိလိုခေါင်းဆောင်ကောင်းမရှိတော့တဲ့အချိန်ကြရင်ရော လုပ်ငန်းကိုဘယ်လိုအောင်မြင်အောင် ဆက်လက်လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကို တွေးထားသင့်ပါတယ်.. ဒီအကြောင်းအရာကို မြန်မာနိုင်ငံက လုပ်ငန်းတော်တော်များများနဲ့ ဥပမာပေးနှိုင်းယှဉ်ပြီး ဆွေးနွေးလိုပါတယ်..

မြန်မာနိုင်ငံက Company တော်တော်များများရဲ့ Company Structure ကိုကြည့်မယ်ဆို Family Business တွေပဲများပါတယ်.. အဖေက Company ထောင်တယ် သားတွေသမီးတွေက Director လုပ်တယ်….Family Business တော်တော်များများမှာ ကောင်းကွက်တွေလည်းရှိပါတယ်.. ဒါပေမယ့် အများကြီးထိ ကြီးကြီးကျယ်ကျယ်ကြီးတွေအောင်မြင်သွားတဲ့ Family Businessတွေမျိုးတွေဆိုတာတော့တော်တော် ရှားပါတယ်..အကြောင်းရင်းကတော့ ဒီ့ထက်ပိုပြီးအောင်မြင်တဲ့ Public Company ဖြစ်အောင်မလုပ်ချင်ကြတာရယ် ကိုယ့်ရဲ့ Leader ဆိုတဲ့နေရာကိုဘယ်သူကိုမှ မပေးလိုတဲ့အတွက်ရယ် စတဲ့ အချက်တွေကြောင့်ဖြစ်ပါတယ်.. ဒီတော့ အချိန်တွေသာကြာလာတယ် Company အနေနဲ့တိုးတက်သင့်သလောက်လည်း မတိုးတက်ပဲ ဒီလိုပုံစံကြီးအတိုင်းဆက်သွားနေမှာပဲဖြစ်ပါတယ်..

လုပ်ငန်းတွေအနေနဲ့ တကယ်ကိုရေရှည်မှာ ပိုပိုအောင်မြင်လာတဲ့ Business တစ်ခုဖြစ်ဖို့အတွက်ဆိုရင် အခုလက်ရှိသွားနေတဲ့ Family Business ပုံစံမျိုးကနေ Corporate ပုံစံမျိုးကိုသွားတာက ပိုပြီးသင့်တော်ပါတယ်.. အကုန်လုံးသိတဲ့အတိုင်းပဲ Corporate ပုံစံမျိုးသွားတော့မယ်ဆို ကိုယ်လုပ်ချင်တဲ့ ကိုယ်သွားချင်တဲ့ပုံစံမျိုးသွားလို့မရတော့ပါဘူး.. တကယ်အရည်အချင်းရှိတဲ့လူကို နေရာပေးမယ်.. ကိုယ်လုပ်ချင်တာထက် အများကသဘောတူတဲ့ ကောင်းမယ်လို့ထင်တဲ့ Decisions တွေကိုပဲချမှတ်ရတော့မှာဖြစ်ပါတယ်.. တစ်ယောက်တည်း အဆင်ပြေသလိုလုပ်နေတဲ့ Family Business ပုံစံမျိုးထက် အရည်အချင်းရှိတဲ့လူတွေနဲ့ပေါင်းစည်းထားပြီး Decisions တွေသေချာချာချ System ကျကျလုပ်တဲ့ Corporation ပုံစံမျိုးက ရေရှည်မှာ ပိုပြီးရပ်တည်နိုင်မယ့် ပုံစံမျိုးပဲဖြစ်ပါတယ်…

တကယ်တော့ Business တစ်ခုက အခုလက်ရှိမှာအရမ်းအောင်မြင်နေပေမယ့် အခုလို Company ကို အောင်မြင်အောင် Drive လုပ်နေတဲ့ ခေါင်းဆောင်နေရာမှာ ဒီလိုလူမျိုးနောက်ထပ်မရှိနိုင်တော့ဘူးဆိုရင် ရေရှည်မှာ အောင်မြင်ဖို့ခက်ခဲသွားမှာဖြစ်ပါတယ်..ဒီနိုင်ငံမှာတော်တော်များများက လုပ်ငန်းမှာ hero ပုံစံလုပ်ချင်ကြတယ်..ငါမရှိရင်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ပုံစံတွေလုပ်ကြတယ်..သူတို့အနေနဲ့ ဒါက အလုပ်ကိုချစ်တယ်လို့ခံယူကြပေမယ့် ဒါကအလုပ်ကိုချစ်တာမဟုတ်ပါဘူး.. တကယ်ကိုယ်လုပ်နေတဲ့အလုပ်ကိုချစ်တယ် ကိုယ့်ရဲ့ Business ကိုချစ်တယ်ဆိုရင် ကိုယ့်ကိုမရှိမဖြစ်ပုံစံမျိုးလုပ်ထားတာထက် ကိုယ်မရှိရင်တောင်မှ အောင်မြင်မှုတွေဆွတ်ခူးနိုင်တဲ့ Business မျိုးဖြစ်အောင်လုပ်ထားသင့်ပါတယ်..ဒီလို Business မျိုးကပဲတကယ်အောင်မြင်တဲ့ Business တစ်ခုလို့ဆိုနိုင်မှာပဲဖြစ်ပါတယ်..

Recent Posts

See All
The Art of Content Marketing

လူတွေအပြောများနေတဲ့ content marketing ဆိုတာဘယ်လိုမျိုးလဲ? တကယ်တော့ content marketing ဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ marketing...

 
 
 

Comments


09-407470005

MatrixSolutionsBusinessAdvisoryGroup

No-275, 6th Floor, Red Hill Tower, Pyay Rd, Sanchaung Township Yangon, Myanmar, 11081

bottom of page