top of page

Account Receivable ဆိုတာဘာလဲ၊ Account Receivable က သင့်လုပ်ငန်းကို ဘယ်လို သက်ရောက်နိုင်သလဲ....?

Updated: Aug 4, 2020



Account Receivable (ရရန်ရှိ) ဆိုတာ ဒီအတိုင်းကြည့်ရင် ကိုယ်ရစရာရှိတယ့် မရသေးတဲ့ ကိုယ်ရဲ့ပိုင်ဆိုင်မူဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ကိုယ့်ပိုင်ဆိုင်မူဖြစ်တဲ့အတွက် အချို့သောအချိန်တွေမှာကောင်းပါတယ်။


ဘယ်လိုအချိန်မှာမကောင်းတာလဲ။


Account Receivable ကိုသေသေချာချာ မစီမံနိုင်တဲ့အခါမှာ မကောင်းတော့တာဘဲဖြစ်ပါတယ်။


ဒီပြဿနာက လုပ်ငန်းအများစုနဲ့ စီမံခန့်ခွဲသူတွေကို အနှောက်အယှက်ပေးပါတယ်။


United States of America ဆိုတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးကလုပ်ငန်းတွေမှာလည်း Account Receivable ပြဿနာတွေတွေ့ကြုံရပါတယ်။


United States ကစစ်တမ်းလုပ်ထားတာကို Matrix ရဲ့ လုပ်ငန်းစီမံသူ ပရိတ်သတ်တွေ ဗဟုသုတတိုးများ ဖို့တင်ဆက်လိုက်ရပါတယ်။


1. Invoice 100 မှာ 39 ခုဟာ နောက်ကျမှ ငွေပေးချေခြင်းခံနေရပါတယ်။

2. Customer 100 မှာ 48 ယောက်ဟာ ငွေပေးချေမှုကို ရက်လွန်တဲ့အထိ ရွေ့ဆိုင်းတက်ကျပါတယ်။

3. Customer 100 မှာ 11ယောက်ဟာ Invoice လုံး၀မရခဲ့ပါဘူး။

4. Company 100 ရှိရင် 50 က Invoice Approval ဖြစ်ဖို့ ၁၀ရက်ကနေ ၂၅ရက်စောင့်ရပါတယ်။

5. Company နဲ့ Customer အငြင်းပွားမူ 100 ရှိရင် 49 ခုက Invoice မှာအမှားအယွင်းပါမှုကြောင့်ဖြစ်ရပါတယ်။

ဒီလိုမျိုးအဖြစ်များတဲ့ invoice problem တွေမဖြစ်အောင် ဖြေရှင်းနိုင်ဖို့ ရှိနေတဲ့ Accounting processes (စာရင်းရေးသွင်းခြင်း လုပ်ငန်းစဉ်) မှာ အောက်ပါမူသုံးချက်ပေါ်မှာ မူတည်ပြီးပြုပြင်ပြောင်းလဲသင့်ပါတယ်။

- Account Receivable customer တွေအားလုံး Invoice ရရမယ်။

- Invoice တွေအားလုံးကို မြန်မြန်ဆန်ဆန် ပေးပို့ရမယ်။

- ပေးပို့တဲ့ Invoice ဟာ မှန်မှန်ကန်ကန် ဖြစ်ရမယ်။

- ပေးပို့ပြီးသား၊ ရရန်နီးကပ်နေသော၊ ရပြီးသား Invoice အားလုံးကို လွယ်ကူစွာစစ်ဆေးနိုင်ရမယ်။

အထက်ပါ အချက်များကို မူတည်ထားတဲ့ Accounting processes တွေဟာ အဖြစ်များတဲ့ Invoice ပြဿနာတွေကို မြန်မြန်ဆန်ဆန် ချော့မွေ့စွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။


Company ဖက်က invoice ဆိုင်ရာအခြေအနေတွေကိုဖော်ပြပြီးပြီဆိုတော့ လုပ်ငန်းရှင်တွေအပေါ်ဘယ်လို အကျိုးသက်ရောက်မှုရှိလဲဆိုတာပါ ဖော်ပြလိုက်ရပါတယ်။


Kabbage အမည်ရှိ အမေရိကန်အခြေစိုက် ငွေကြေးနည်းပညာ ကုမ္ပဏီ ကနေ Entrepreneurs(စွန့်ဦးတီထွင်လုပ်ငန်းရှင်) အယောက် ၅၀၀ ကို survey လုပ်တဲ့အခါ သူတို့တွေဟာ Cash Flow နဲ့ဆိုင်တဲ့ အလုပ်တွေလုပ်ရတဲ့အချိန်က တစ်ပတ်မှာ နာရီပေါင်း၆၀ကနေ ၈၀အထိလုပ်ကျရပါတယ်။


တကယ်လို့ Cash Flow(ငွေကြေးစီးဆင်းမှု)အဆင်ပြေခဲ့ပြီး အချိန်တွေပိုခဲ့ရင် ဘာလုပ်မလဲလို့မေးတဲ့အခါ

Entrepreneurs (စွန့်ဦးတီထွင်လုပ်ငန်းရှင်) အယောက်၅၀၀ရဲ့ အဖြေကအောက်ပါအတိုင်းဖြစ်ပါတယ်။


၁။ ၃၀ရာခိုင်နှုန်းက Customer Service တိုးတက်အောင် အချိန်ပေးချင်ပါတယ်။

၂။ ၅၁ ရာခိုင်နှုန်းက Sales တိုးအောင် Marketing မှာအချိန်ပေးချင်ပါတယ်။

၃။ ၂၂ ရာခိုင်နှုန်းက လုပ်ငန်းရဲ့ ဝန်ထမ်းတိုးတက်ရာတိုးတက်ကြောင်းနဲ့အသစ်ခေါ်ယူဖို့ အချိန်ပေးချင်ပါတယ်။

၄။ ၃၅ ရာခိုင်နှုန်းက လုပ်ငန်းရဲ့ product နှင့် service ဖန်တီးမှု၊ လုပ်ငန်းချဲ့ထွင်မူမှာအချိန်ပေးချင်ပါတယ်။


အထက်မှာဖော်ပြခဲ့တဲ့ အချက်လေးချက်ကို အခုလိုတစ်ကြောင်းထဲနဲ့ အနှစ်ချုပ်လို့ရပါတယ်။

“ငွေကြေးစီးဆင်းမှုကို သေသေချာချာ စီမံနိုင်ရင် Customer Service၊ Operation Management၊ Product Development စတဲ့ မိမိလုပ်ငန်းရေရှည်တိုးတက်ဖို့အတွက် အရေးကြီးတာတွေကို လုပ်နိုင်ပါလိမ့်မယ်။”


ငွေကြေးကြပ်တည်းမှုက လုပ်ငန်းတစ်ခုထဲကိုပဲ သက်ရောက်မှုရှိတာမဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်ပိုင်ဘဝ၊ မိသားစုဘဝတွေအပေါ်မှာပါ သက်ရောက်ပါတယ်။

အယောက် ၅၀၀ ရဲ့ ၆၃ရာခိုင်နှုန်း ၃၁၅ယောက် ကတော့ Cash Flow ကြောင့် စိတ်ဖိစီးမှုတွေရှိပါတယ်လို့ ဖြေထားပါတယ်။

၃၁၅ယောက်ရဲ့ ၃၂ရာခိုင်နှုန်း အယောက်၁၀၀ ကတော့ မိသားစုအတွက် အချိန်မပေးနိုင်တော့ပါဘူးတဲ့။

၃၁၅ယောက်ရဲ့ ၃၅ရာခိုင်နှုန်း အယောက် ၁၁၀ ကတော့ အိပ်ရေးပျက်ရပါတယ်။


နိဂုန်းချုပ်ပြောရမယ်ဆိုရင် Cash Flow ပြဿနာ Account Receivable ပြဿနာတွေက မိမိကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ချမ်းသားရေး အတွက်ပါမက မိမိချစ်တဲ့ လုပ်ငန်းရပ်တည်မူကိုပါ အကြီးအကျယ်ခြိမ်းခြောက်တဲ့အတွက် Cash Flow ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ပြဿနာတွေကို သေသေချာချာသိအောင် အရင်တင်ပြလိုက်ရပါတယ်။ နောက်အပါတ်မှာတော့ Account Receivable တွေကို unpaid အဖြစ်သို့မရောက်အောင် ကြိုတင်ကာကွယ်နိုင်မည့် အကြုံပြုချက်လေးတင်ပေးသွားမှာြဖစ်လို့ Matrix Solutions Business Advisory page ကို Like and Follow လုပ်ထားဖို့တိုက်တွန်းလိုက်ရပါတယ်။


….

Reference: Cogneesol, Kabbage


388 views0 comments
bottom of page