top of page

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ အခွန်ထမ်းပြည်သူများသို့ ကြေညာချက် (၄/၂၀၂၀) နှင့် (၅/၂၀၂၀)

ပြည်ထောင်စုမြန်မာနိုင်ငံတော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ယနေ့နေ့လည်ပိုင်းတွင် အခွန်ထမ်းပြည်သူများသို့ ကြေညာချက်အမှတ်စဉ် (၄/၂၀၂၀) နှင့် (၅/၂၀၂၀) အမည်ဖြင့် ကြေညာချက် နှစ်ရပ်ထုတ်ပြန်ခဲ့ပါသည်။


 

ကြေညာချက်အမှတ် (၄/၂၀၂၀) တွင် ဖော်ပြထားချက်အရ ပြည်သူများအနေဖြင့် ယခု COVID-19 ကာလ မြန်မာ့စီးပွားရေးဘဏ်တွင် လူများစုပြုံမနေစေရန်အလို့ဌာ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ သက်ညှာလျော့ပေါ့ပေးထားသော အခွန်နှုန်းများကို ယခင်က ၃၀-၉-၂၀၂၀ တွင် နောက်ဆုံးထားပေးသွင်းရမည်ဟု ဖော်ပြထားသော်လည်း ၃၀-၁၂-၂၀၂၀ အထိပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါသည်။


ကြေညာချက်အမှတ် (၅/၂၀၂၀)တွင် ၃၀-၉-၂၀၂၀ နောက်ဆုံးထား၍တင်သွင်းသည့် စည်းကြပ်မှုမှကင်းလွတ်သော ဝင်ငွေကြေညာလွှာများကို သက်ဆိုင်ရာ မြို့နယ်ရှိ အခွန်ဦးစီးရုံးများတွင် တင်ပြီး လက်ခံဖြတ်ပိုင်း (ပတခ(၀င)-၁) ရပါက လူကိုယ်တိုင်စောင့်ဆိုင်းစရာမလိုတော့ပြီဖြစ်ကြောင်း၊ စိစစ်မှုများကိုလည်း ၃၀-၁၂-၂၀၂၀ ထိပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အခြား အီလက်ထရောနစ်စနစ်ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်တွေ့ဆုံ၍ဖြစ်စေ ဆောင်ရွက်ရမည်ဖြစ်ပြီး ငွေသွင်းချလန်များကို ထုတ်ပေးမည်ဖြစ်ပါသည်။ ယင်းအခွန်များသည်လည်း ၂၀၁၉ ခုနှစ်၏ဥပဒေပါသက်သာခွင့်များကို ခံစားခွင့်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။




71 views0 comments
bottom of page