top of page

SME လုပ်ငန်းတွေအတွက် အရေးကြီးတဲ့ Bank ချေးငွေအမျိုးအစား (၃)မျိုး

Updated: Jul 29, 2020



စီးပွားရေးလိုအပ်ချက်အရ သိန်း၁၀၀၀ လိုတယ်ဆိုရင် ငွေသား သိန်း၁၀၀၀ရှိနေဖို့ မလိုပါဘူး။ လုပ်ငန်းစဖို့ပဲဖြစ်ဖြစ် လည်ပတ်ဖို့ပဲဖြစ်ဖြစ် Bank ချေးငွေယူပြီး ဆက်လက်လုပ်ကိုင်ဖို့က အတော်လေးလွယ်ကူလာပါတယ်။ ဒါ့အပြင့် အခုအချိန်ကာလမှာ Economy ကိုပြန်လည်မြှင့်တင်ဖို့ Loan တွေကို ချေးရလွယ်ကူအောင် Bank တွေကလုပ်ဆောင်နေတဲ့အပြင် Interest rate သက်သက်သာသာနဲ့ချေးနိုင်မယ့် JICA loan စတာတွေရှိလာပြီဖြစ်ပါတယ်။

ဒီ Article ထဲမှာတော့ မိတ်ဆွေတို့ လုပ်ငန်းတွေအတွက်သင့်တော်မယ့် Bank ချေးငွေတွေကို ရွေးချယ်နိုင်ဖို့ကို Bank ချေးငွေအမျိုးအစား(၃)မျိုးကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။


၁။ Working Capital Loan

Working Capital Loan ဆိုတာ လုပ်ငန်းလည်ပတ်ဖို့လိုအပ်တဲ့ ကုန်ပစ္စည်းဝယ်တာမျိုး၊ အခန်းငှားခ ပေးတာမျိုး၊ အကြွေးငွေချေတာမျိုး စတဲ့နေရာတွေမှာ သုံးဖို့အတွက် လျှောက်ထားရတဲ ရေတိုချေးငွေအမျိုးအစားဖြစ်ပါတယ်။

Working Capital Loan အမျိုးအစားကို ချေးယူမယ်ဆိုရင်တော့ ၁နှစ်ထိ ချေးယူနိုင်မှာဖြစ်ပြီး Bank အတော်များများမှာ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။

Working Capital Loan ကို Overdraft Loan (OD)၊ Business Overdraft လို့လည်း Bank အလိုက် အခေါ်အဝေါ် ကွဲပြားကြပါတယ်။

ဥပမာ- CB ရဲ့ Business Overdraft Loan ၊ Working Capital Loan


၂။ Business Expansion Loan or Non-Current Assets Loan

Business Expansion Loan ဆိုတာက​တော့ လုပ်ငန်းချဲ့ထွင်းတဲ့အခါ လိုအပ်တဲ့ Long-term assets တွေကိုဝယ်တာမျိုး၊​ Investment လုပ်တာမျိုးတွေအတွက် သုံးဖို့အတွက် လိုအပ်တဲ့ ရေရှည်ချေးငွေအမျိုးအစား ဖြစ်ပါတယ်။

Business Expansion Loan တွေကို ၃ နှစ် အနည်းဆုံးကနေ ၅ နှစ် အများဆုံးထိချေးလို့ရပြီး Bank အများစုကတော့ Collateral (အပေါင်ပစ္စည်း) လိုအပ်ပါတယ်။

အိမ်ခြံမြေ၊​​ ရွှေ၊ တန်ဖိုးရှိ ကျောက်သံတွေကို Collateral အနေနဲ့ ထားလို့ရပါတယ်။

(ဒီမှာ သတိပြုသင့်တာကတော့ ဘိုးဘွားပိုင်​၊ ဂရန်ပိုင်မြေ တွေပဲ​ Collateral အဖြစ်အကြုံးဝင်ပြီး ဥယျာဉ်ခြံမြေ၊ လယ်ယာမြေ၊​ တွေကို Collateral အဖြစ် သုံးလို့မရနိုင်ပါဘူးခင်ဗျာ…)

ဥပမာ- KBZ ရဲ့ SME loan ၊ YOMA ရဲ့ SME express loan


၃။ Versatile Loans

Versatile Loan ဆိုတာကတော့ လုပ်ငန်းလည်ပတ်ရာမှာသုံးရမယ့် Working Capital နဲ့ လုပ်ငန်းချဲ့ထွင်ဖို့ Non-current assets တွေဝယ်တဲ့ Capital Expenditure အတွက် နှစ်မျိုးလုံးကို သုံးနိုင်တဲ့ ချေးငွေအမျိုးအစားပဲဖြစ်ပါတယ်။

ဥပမာ - AYA ရဲ့ SME Loan ၊​ YOMA ရဲ့ Business Loan

MX စာဖတ်ပရိတ်သတ် မိတ်ဆွေတို့ရဲ့ SME လုပ်ငန်းတွေအတွက် အဓိကအရေးပါတဲ့ Bank Loan အမျိုးအစားသုံးမျိုးနဲ့ သက်ဆိုင်ရာ ရည်ရွယ်ချက်တွေကို ဖော်ပြပါတယ်။ နောက်လာမယ့် အပတ်မှာတော့ Bank Loan ရွေးချယ်ရာမှာ အရေးကြီးတဲ့ အချက်အလက်တွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်လို့ Matrix Solutions Business Advisory Facebook Page ကို Like & Follow လုပ်ထားပြီးစောင့်မျှော်နေပါဦးနော်။

ချေးငွေလျှောက်ထားဖို့ အရေးတကြီးလိုအပ်သော မိတ်ဆွေတွေနဲ့ ထပ်မံသိလိုသော မိတ်ဆွေတို့အတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်…


01 8245660

09 445533288~9

Bank Loanတွေကို မိတ်ဆွေတို့ အောင်အောင်မြင်မြင်ချေးယူနိုင်ဖို့ အတွက် စေ့စပ်သေချာတဲ့ ပြင်ဆင်မှုနဲ့ ဆွေးနွေးတိုင်ပင်မှုတွေလိုအပ်ပါတယ်။ မိတ်ဆွေတို့အတွက် စေ့စပ်သေချာတဲ့ပြင်ဆင်မှုတွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ဖို့ MX ကအမြဲအစဉ်သင့်ရှိနေပါတယ်နော်။



119 views0 comments
bottom of page