top of page

JICA Two Step Loan ချေးငွေကို ဘယ်လိုရယူနိုင်မလဲ....?

Updated: Aug 4, 2020

JICA Two Step Loan ချေးငွေအစီအစဉ်မှ ထုတ်ချေးရန်ကျန်ငွေကျပ်(၆၄)ဘီလီယံ ခန့်အား

#COVID 19_ ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်မှုရှိသည့်_MSME_လုပ်ငန်းများသို့ထုတ်ချေးမည်...


JICA (Japan International Cooperation Agency) ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ MSME ( Micro, Small, Medium Enterprises) တွေရဲ့ အခန်းကဏ္ဍတိုးတက်အောင် အဓိကရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ SME Loan ဖြစ်ပါတယ်။


အရင်အခြေအနေမှာတော့ JICA Two-Step Loan က Long-Term Assets/Investment (တစ်နှစ်ထက်ပိုသုံးတဲ့ စရိတ်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု) တွေအတွက် ချေးငွေချပေးပါတယ်။ ၈၀ % ကတော့ Long-Term Assets/ Investment နဲ့ ၂၀% ကိုသာ Working Capital (လုပ်ငန်းလည်ပတ်ဖို့ လှည့်လည်သုံးစွဲလို့ရတဲ့ ပမာဏ တစ်ခု) အတွက်သာ အသုံးပြုခွင့်ပေးထားပါတယ်။


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ June ၁၄ရက်ကြေငြာခဲ့တဲ့သတင်းအရ


လုပ်ငန်းတစ်ခုကို ကျပ်သန်း(၃၀၀) ထိချေးငွေရယူနိုင်ပါတယ်။


အခု COVID ကာလမှာ MSME လုပ်ငန်းတွေ အထိအခိုက်ရှိတဲ့အတွက် JICA Two-Step Loan ကို လုပ်ငန်းလည်ပတ်ဖို့ Working Capital ၁၀၀% သုံးလို့ရနိုင်ပါတယ်။


အပေါင်ပစ္စည်းပါရှိရင်တော့ တစ်နှစ် အတိုးနှုန်း ၅.၅% သာပေးရမှာဖြစ်ပါတယ်။


အပေါင်ပစ္စည်းမပါ(Credit Guarantee InsuranceI) စနစ်ဖြင့်လည်း ချေးငွေးလျှောက်ထားနိုင်ပြီး အတိုးနှုန်းသတ်မှတ်ချက်မှာ ချေးငွေ ထုတ်ချေးမည့် သက်ဆိုင်ရာ ဘဏ်အလိုက်Rating သတ်မှတ်ချက်ပေါ်မူတည်ပြီး (၁၀)% ထက်မကျော်လွန်ဘဲ ချေးနိုင်ပါတယ်။


ချေးငွေသက်တမ်းမှာ (၃)နှစ်မှ (၅)နှစ်အထိဖြစ်ပြီး (၃)နှစ်အောက်ချေးငွေအတွက် ဆိုင်းငံ့ကာလ (၆)လ၊

(၃)နှစ်မှ (၅)နှစ် အထိ ချေးငွေအတွက် ဆိုင်းငံ့ကာလ(၁)နှစ်ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။


ဆိုင်းငံ့ကာလ အတွင်းမှာဆိုရင်တော့ အရင်းကိုဆပ်စရာမလိုသေးပါဘူး၊


လျှောက်ထားရန်လိုအပ်ချက်တွေကတော့


၁။ လုပ်ငန်းတစ်ခုဟာ လုပ်ငန်းလိုင်စင်ရှိထားပြီးလုပ်ကိုင်နေတာ အနည်းဆုံး ၂ နှစ်ကနေ ၃နှစ်အထိရှိပါမယ်။

၂။ လုပ်ငန်း အခွန်ဆောင်ထားတဲ့ ပြေစာ အနည်းဆုံး ၂ နှစ်စာပါရှိရပါမယ်။

၃။ လုပ်ငန်းရဲ့ သဘောသဘာဝကိုဖော်ပြတဲ့ ဓာတ်ပုံနှစ်ပုံ အနည်းဆုံးပါရှိရပါမယ်။

၄။ ချေးငွေရရှိပါက မည်ကဲ့သို့ အသုံးပြုဖို့ Business Plan တစ်ခု ပါရှိရပါမယ်။


လိုအပ်ချက်အထက်ပိုင်းကတော့ မြန်မာနိုင်ငံသားများဘဏ်(MCB)_Myanmar Citizen Bank ကနေပြီးတော့ စုံစမ်းရရှိတာဖြစ်ပါတယ်။


ချေးငွေရယူလိုသော MSMEs လုပ်ငန်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာ၀တီဘဏ်၊ မြန်မာနိုင်ငံသား များဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်၊ ယူအေဘီ(UAB)ဘဏ်၊ ကမ္ဘောဇ ဘဏ်လီမိတက်နှင့် မြန်မာ့ အရှေ့ဆောင်ဘဏ်လီမီတက်များသို့ ဇွန်လ(၁၂)ရက်နေ့မှစတင်ပြီး ဆက်သွယ်စုံစမ်းဆောင်ရွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံသားများဘဏ်(MCB) ကနေ MX ကစုံစမ်းထားတာနောက်တစ်ခုကိုလည်း Sharing လုပ်ချင်ပါတယ်။

COVID-19 emergency loan ဆိုပြီးတော့ ချေးငွေအစီအစဉ်တစ်ခုကို MCB ကနေပြီးတော့ ပေးအပ်နေပါတယ်။


အတိုးနှုန်းကတော့ ၅.၅% ဖြစ်ပြီးတော့ လိုအပ်ချက်တွေကတော့ အထက်ကဖော်ပြခဲ့တဲ့လိုအပ်ချက် လေးချက်အပြင် အခု COVID 19 ဖြစ်စဉ်ကာလ January to May ကာလ Financial Statements နဲ့ အရင်နှစ် January to May ကာလအတွင်းမှာ ၂၀% ထက် ရောင်းအားလျော့ကျသွားတယ်လို့ သက်သေပြနိုင်ရင် COVID 19 emergency loan လျှောက်ထားဖို့ အကြုံးဝင်ပါတယ်။


_____________________________________________________________________________


Tips

ချေးငွေအကြောင်းကို သေချာ ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်တော့

၁။ သက်ဆိုင်ရာ ဘဏ်တွေရဲ့ Facebook page ကိုသွားပါ။


၂။ Call now ကိုနှိပ်လိုက်ရင် Bank တွေရဲ့ Customer service စီဆက်သွယ်ပါလိမ့်မယ်။

(အချိန်တော်တော်များများမှာတော့ ဖုန်းလိုင်းမအားတာမျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်။)


၃။ Info တောင်းတဲ့အခါ ဒီလိုပြောပြီးတောင်းပါ “ ကျွန်တော်ကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ JICA ချေးငွေအကြောင်းသိချင်လို့ သိနိုင်မယ့် Departement ရဲ့ ဖုန်းနံပါတ်ကို လွဲပေးပါ” လို့တောင်းနိုင်ပါတယ်။

(ဒီမှာ သတိထားရမှာက စာရေးသူ ဆက်သွယ်တဲ့ အချိန်မှာ တော်တော်များများက JICA သတင်းကို သေချာမသိသေးတဲ့ အတွက် အနည်းဆုံး Department 3 ခုလောက်ရောက်ပြီး လူ၅ယောက်လောက်နဲ့ ဖုန်းပြောရပါတယ်။

စိတ်ရှည်ဖို့တော့လိုပါလိမ့်မယ်။ )


၄။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းပါ။

(ဒီနေရာမှာလည်း စိတ်ရှည်ဖို့ လိုပါလိမ့်မယ်။)


၅။ပြီးတော့ လိုအပ်ချက်တွေကိုစတင်ပြင်ဆင်ပါ။


Fact

၁။ Loan ချေးငွေလျှောက်တယ်ဆိုတာလွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြင်ဆင်မှုတွေ အများကြီးလိုပါတယ်။

၂။ Financials တွေကိုသေချာပြင်ပါ။ Plan တွေကို ဖြစ်နိုင်တာနဲ့ အနီးစပ်ဆုံးဆွဲပါ။


MX ရဲ့ လုပ်ငန်းရှင်စာဖတ်ပရိတ်သက်ဒီလို အသုံးဝင်မည့် information လေးတွေကို အသုံးချပြီး လုပ်ငန်းတွေအဆင်ပြေအောင် ရည်ရွယ်ချက်နဲ့ ဖော်ပြလိုက်ရပါတယ်။


MX မှာတော့ Loan လျှောက်တဲ့အခါ ချော့မွေ့အောင် Financial စာရင်းတွေကို ဆွဲပေးနေပါတယ်။

လိုအပ်တဲ့ Business Plan တွေကို မိတ်ဆွေတို့ လုပ်ငန်းမှာ အမှန်တကယ် အသုံးဝင်မယ့် ဖြစ်နိုင်တာနဲ့ အနီးစပ်ဆုံးသော plan တွေကို Industry analysis / Market Data / Financial Projections တွေနဲ့ ကူညီပေးနေပါတယ်။


နောက်လာမည့် articles(သတင်းတို) တွေမှာလည်း အခြေအနေနဲ့ အရပြောင်းလဲနေတယ် လုပ်ငန်းတွေကို အကျိုးသက်ရောက်မယ့် သတင်းတွေနဲ့ အကြံပြုချက်တွေကို တင်ပေးသွားမှာဖြစ်လို့ Matrix Solutions Business Advisory Group facebook page ကို Like and Follow လုပ်ထားဖို့တိုက်တွန်းလိုက်ရပါတယ်။



Reference:

https://www.mrtv.gov.mm/mm/news-77738




530 views0 comments
bottom of page